Five modern women live together under one roof as they deal with their families, career, and men; and explore their colorful sex lives.
Aliases
Five modern women live together under one roof as they deal with their families, career, and men; and explore their colorful sex lives.
Aliases
ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ Lovely Ladies ဆိုတဲ့အမျိုးသမီးသီးသန့်ဆောင်မှာနေကြတဲ့ မိန်းမလှလေးငါးယောက်ကိုအခြေခံထားပါတယ်။နယ်ပယ်စုံ အလွှာအသီးသီးကနေလာပြီး ဒီနေရာမှာဆုံစည်းဖြစ်ကြတဲ့ သူတို့အားလုံးမှာ နောက်ခံဇာတ်ကြောင်းကိုယ်စီ၊ အခက်အခဲကိုယ်စီ၊ ဘဝအမောတွေ၊ရုန်းကန်မှုတွေ ကိုယ်စီရှိပါတယ်။ မိန်းကလေးချင်းဆိုတော့ ချိတ်ချိတ်ချင်းငြိချင်ကြတဲ့ ဉာဉ်လေးတွေ၊ ကွယ်ရာအတင်းတုပ်တာမျိုးတွေ၊ အပြိုင်အဆိုင်လေးတွေကိုဟာသနှောပြီး သူတို့ရဲ့ နေ့စဉ်ဘ၀ ချစ်မှုရေးရာတွေ လိင်မှုကိစ္စအဖြာဖြာတွေကို လွတ်လပ်ပွင့်လင်းစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာလဲ ကားရိုက်ကျဲတဲ့မျက်နှာသစ်မင်းသမီးလေးတွေကိုချည်းပဲ မိတ်ဆက်ပေးထားတာဖြစ်တဲ့အတွက် အဆောင်သူလေးတွေရဲ့တကယ့်ကိုမျက်စိပသာဒဖြစ်ချင်စရာ ခရေစေ့တွင်းကျနေ့စဉ်ဘဝကိုတစ်ဝကြီး ရှုစားလိုက်ကြပါဦး…