When café-owner from Chez Nous has financial problems, six regular customers plan to steal a valuable necklace from a heavily guarded museum during the Canal Parade.
ဘားလေးတစ်ခုရှိတယ် Chez Nous တဲ့။ အဲဒီဘားမှာပဲ အသက်အရွယ်မတူ အလုပ်အကိုင်မတူ genderမတူ sexualityမတူတဲ့လူခြောက်ယောက်စုမိကြတယ်။ Chez Nous ဆိုတဲ့နာမည်အတိုင်းပဲအဲဒီဘားက သူတို့အတွက်အိမ်လိုကိုဖြစ်လို့ပေါ့။တစ်နေ့မှာ ခြောက်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ဘားပိုင်ရှင်အက်ဂျယ်က ကျန်းမာရေးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အပြင်သူတို့ရဲ့ဆိုင်က ဒေဝါလီခံရတော့မယ်ဆိုတာ ကျန်တဲ့ငါးယောက်ကသိသွားကြလေရော။ ဆိုင်ကိုပြန်ဝယ်ဖို့ ပိုက်ဆံမရှိကြတဲ့ ငါးယောက်သားဟာ ကြံကြံစည်စည် ပြတိုက်က စိန်လည်ဆွဲကို ခိုးဖို့လုပ်ကြပါတော့တယ်။စွန့်စွန့်စားစား ခိုးတဲ့ကားဆိုပေမဲ့ comedyဖြစ်နေတော့ သည်းထိတ်ရင်ဖိုဖြစ်မနေဘဲ ရယ်ရမှာပါ။ ဇာတ်ကွက်တချို့ကို အမ်စတာဒမ်ရဲ့နာမည်ကြီး Gay Pride ပွဲတော် 2012 Canal Parade အတွင်းမှာရိုက်ထားတာဖြစ်တဲ့အတွက် ပွဲတော်ကျင်းပနေပုံတွေကိုလည်း ပျော်ပျော်ကြီး ကြည့်ရမှာပါ။ ဒါပေမဲ့အက်ဂျယ်ကလွဲလို့ ကျန်တဲ့ငါးယောက်မှာအဖြောင့်နေနေ အကွေးနေနေ အတွဲကိုယ်စီတွေနဲ့ ဖြစ်တဲ့အတွက်FAသမားတွေကြည့်မိရင် ရည်းစားလိုချင်သွားပါလိမ့်မယ်။
Chez Nous vertelt het verhaal van het homovriendelijke café Chez Nous dat verkocht dreigt te worden aan een grote horecamagnaat. Om deze verkoop te voorkomen, plannen de vaste bezoekers van het café een kraak tijdens de Amsterdam Gay Pride. Ze hebben het gemunt op een diamanten collier die miljoenen waard is en te zien is in het ‘Koninklijk Museum’ in Amsterdam. De groep hoopt met de buit weg te komen in de drukte van de botenparade en zo hun stamkroeg en thuisbasis te kunnen redden van de ondergang. Maar of ze dat ook gaat lukken?
English
Burmese
Nederlands